Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၃၀-၆-၂၀၂၅ မှ ၄-၇-၂၀၂၅) ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ၁၆၀၀ ကျပ်၊ ဆိပ်ဖြူလတ်ကြီး ၁၅၀၀ ကျပ်၊ ဆိပ်ဖြူလတ်သန့် ၁၄၀၀ ကျပ်၊ ဆိပ်ဖြူလတ်ချော ၈၅၀ ကျပ်၊ မုံရွာသစ်ရှယ် ၁၄၀၀ ကျပ်၊ မုံရွာ လတ်ကြီး ၁၃၅၀ ကျပ်၊ မုံရွာလတ်သန့် ၁၂၅၀ ကျပ်နှင့် မုံရွာလတ်ချော ၈၀၀ ကျပ် အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မုံရွာသစ်ရှယ် ၁၅၀ ကျပ်၊ မုံရွာလတ်ကြီး ၅၀ ကျပ်၊ မုံရွာလတ်သန့် ၅၀ ကျပ်နှင့် မုံရွာလတ်ချော ၁၅၀ ကျပ် အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည် ဒိုင်သို့  ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၃၀ စီး (၇၈၀,၀၀၀ ပိဿာ) ဝင် ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၂၅ စီး (၇၅၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၅ စီး  (၃၀,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။    
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ် (ရှယ်)    ၈၅၀၀ ကျပ်၊   အောင်ပန်းထူး -၂ ၅၀၀၀ ကျပ်၊ အောင်ပန်းထူး-၃ ၆၀၀၀ ကျပ်၊ အောင်ပန်းထူး-၄ ၇၀၀၀  ကျပ်နှင့်   အောင်ပန်းထူး-၅ ၇၅၀၀ ကျပ် အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး -၂ ၇၀၀ ကျပ်၊ အောင်ပန်းထူး-၃ ၃၀၀ ကျပ်၊  အောင်ပန်းထူး-၄  ၂၀၀ ကျပ် နှင့် အောင်ပန်းထူး-၅   ၅၀၀  ကျပ်  ဈေးမြင့်တက်ခဲ့ပြီး ကြူကုတ်(ရှယ်)  မှာဈေးငြိမ်လျက်ရှိသည်။  ယခင်အပတ်က    ကုန်စည်ဒိုင်သို့  ကြက်သွန်ဖြူအိတ် ၃၄၀၀ (၁၀၂,၀၀၀ ပိဿာ)  ဝင်ရောက်ခဲ့ပြီး   ယခုအပတ်တွင် ကြက်သွန်ဖြူအိတ်   ၃၉၀၀ (၁၁၇,၀၀၀  ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၅၀၀ (၁၅,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။ 
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့  ဟဲဟိုးမြို့ နှင့်  တရုတ်မှ  အာလူးများနေ့စဉ်  ဝင်ရောက်လျက် ရှိရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ ဟဲဟိုး  A1 ၂၆၀၀ ကျပ်၊  ဟဲဟိုး Ok  ၃၀၀၀ ကျပ်၊ ဟဲဟိုး   S1  ၃၀၀၀ ကျပ်၊ ဟဲဟိုး S2 ၂၈၀၀ ကျပ်နှင့် တရုတ်အာလူး ၃၅၀၀ ကျပ် ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  ဟဲဟိုး  A1 ၁၀၀ ကျပ် ဈေးကျ ဆင်းခဲ့ပြီး  ကျန်အာလူးများဈေး ငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့  အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ  ၃၅ စီး (၂၁၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီးယခုအပတ်တွင် ကားစီးရေ ၃၆ စီး (၂၁၆,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁ စီး (၆,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။  

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News